Skip to main content

ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-3) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကော်မတီမှ တာဝန်ယူဆောင်ရွက်ရသည့် ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြ မေးခွန်းများ၊ အဆိုများ၊ အစိုးရ အဖွဲ့အစည်းများနှင့် အပြန်အလှန် ထိန်းညှိဆောင်ရွက်ခြင်း လုပ်ငန်းများနှင့် ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များ မေးမြန်းကြရာ ကော်မတီအဖွဲ့ဝင်များမှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဇုံးတိန့်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်