Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် ကော်မတီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမှာစကား ပြောကြားရာတွင်  ယခုအစည်းအဝေး ကျင်းပရခြင်းမှာ စိစစ်ရေးပူးပေါင်းအဖွဲ့များ အနေဖြင့် ရ ငွေ၊ သုံးငွေများနှင့်စပ်လျဉ်း၍ စိစစ်ရန်ရှိသည်များကို ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဒုတိယအကြိမ်လွှတ်တော် သက်တမ်း (၃) နှစ်ကျော်ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေမည့်  ဥပဒေပေါင်း (၉၀) ကျော်ကို ပြဋ္ဌာန်းဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေကြမ်းကော်မတီ တစ်ခုတည်းသာမက သက်ဆိုင်ရာ ကော်မတီတစ်ခုချင်းစီကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေကြမ်းများ၊ တိုင်ကြားစာများ၊ အစီရင်ခံစာပါ တွေ့ရှိချက်များနှင့် သုံးသပ်အကြံပြု ဆွေးနွေး ချက်များကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ မေလ    ရက်