Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ ၁၃၈၁ ခုနှစ် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နှစ်သစ်မင်္ဂလာ အခါသမယတွင် မြန်မာတစ်နိုင်ငံလုံးရှိ မိဘပြည်သူ ညီအစ်ကိုမောင်နှမများ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

          ဒီနှစ်သစ်ကာလမှာပင် ကျွန်တော်ဟာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ (၁)နှစ် ပြည့်မြောက်ပြီဖြစ်ပါတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်စဉ် ကာလ အတွင်း နိုင်ငံအကျိုးနှင့် မိဘပြည်သူများ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ခဲ့ပါတယ်။ လာမည့်နှစ်မှာလည်း မိဘပြည်သူညီအစ်ကို မောင်နှမများ လိုလားတောင့်တတဲ့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မိဘပြည်သူများ၏ ဆန္ဒနှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အလေးအနက်ကတိပြုပြောကြားအပ် ပါတယ်ခင်ဗျား။

          မိဘပြည်သူမောင်နှမများ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပျော်ရွှင်ကြပါစေ။ လိုအင်ဆန္ဒများ ပြည့်ဝ ကြပါစေ။ ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ကြပါ စေ။

          အားလုံးကို ကျေးဇူးတင်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်