Skip to main content

ပြည်သူ့လွှတ်တော်၊တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာ၊ ရှမ်းကုန်းကျေးရွာနှင့် ကော့မံဖယ်ကျေးရွာတို့မှ တောင်သူ  (၈) ဦး အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် သည် ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာ၊ ရှမ်းကုန်းကျေးရွာနှင့် ကော့မံဖယ်ကျေးရွာတို့မှ တောင်သူ(၈)ဦးအား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာ၊ ရှမ်းကုန်းကျေးရွာနှင့် ကော့မံဖယ်ကျေးရွာ တို့မှ သိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့် စပ်လျဉ်း၍ တောင်သူများ ရင်ဆိုင်ကြုံတွေ့နေရ သောအခက်အခဲများ၊ ပြဿနာများ နှင့်စပ်လျဉ်းပြီး  တင်ပြဆွေးနွေးမှုအပေါ် ကော်မတီမှ တာဝန်ရှိ သူများက သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး ဦးသိန်းထွန်း နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဘီးလင်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦး (ခ) ဦးအတွတ် တို့ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ် ၊ မတ်လ ၁၁ ရက်