Skip to main content

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် ဓနရာဇာ ကုမ္ပဏီလီမိတက်မှ ဒေါက်တာအောင်စိုးဝင်း ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် ဓနရာဇာ ကုမ္ပဏီလီမိတက်မှ ဒေါက်တာအောင်စိုးဝင်း ဦးဆောင်သောအဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံရာတွင် လျှပ်စစ်ဓာတ်အားဆုံးရှုံးမှု လျော့ချနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာ တွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ ပြဿနာများနှင့်စပ်လျဉ်းပြီး တင်ပြဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်