Skip to main content

အမည်

ဦးသန့်ဇင်ထွန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/လဝန(နိုင်)၁၂၁၄၇၀

မွေးသက္ကရာဇ်/အသက်

၂၉-၅-၁၉၇၇/(၃၉)နှစ်

မွေးဖွားရာဇာတိ

အင်းသာရွာ၊  သာဝတ္ထိကျေးရွာအုပ်စု၊ လယ်ဝေးမြို့နယ်

ပညာအရည်အချင်း

B.Sc(Physics),M.O.T Second Class Part(A)

လက်ရှိအလုပ်အကိုင်

အင်တာနက်ဆိုင်၊ ဖုန်းဆိုင်၊ မိတ္တူ၊ ဖိတ်စာလုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကိုလေးထွန်း၊ ၉/လဝန(နိုင်)၀၇၅၃၅၈၊မှီခို

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဌေးဌေးဝင်း၊ ၉/လဝန(နိုင်)၀၇၅၁၉၆၊ကုန်စုံဆိုင်

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ချိုချိုအောင်၊ ၉/လဝန(နိုင်)၁၂၁၄၉၈၊ကောက်ပဲသီးနှံသိုလှောင်/ရောင်းဝယ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

 (၁)    မနှင်းအိရွှေ၊ ၉/လဝန(နိုင်)၂၅၃၁၀၈၊ကျောင်းသူ

(၂) မအိချိုဇင်မွန်၊ (၅)တန်းကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

မြို့ရှောင်လမ်း၊ ရသေ့တောင်ရပ်ကွက်၊ သာဝတ္ထိ ကျေးရွာအုပ်စု၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်၊ လယ်ဝေးမြို့နယ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒက္ခိဏသီရိမြို့နယ်

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကိုအ.မ.က(အင်းသာ)၊ အ.ထ.က(သာဝတ္ထိ) နှင့် အ.ထ.က(၁) ပျဉ်းမနားတို့တွင်သင်ယူခဲ့သည်။ ရေကြောင်းပညာသိပ္ပံ(ရန်ကုန်မြို့)တွင် ကုန်သွယ် ရေကြောင်းအရာရှိလောင်းသင်တန်း CD/23 ကိုတက်ရောက်ခဲ့ပြီး ရန်ကုန် အဝေးသင်တက္ကသိုလ်မှ B.Sc(Physics)ရရှိခဲ့သည်။
        ရန်ကုန်မြို့ရှိ ရေကြောင်းပညာသိပ္ပံတွင် အရာရှိလောင်း၊ မြန်မာ့ သင်္ဘောကျင်းလုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတို့တွင် ပညာသင်အင်ဂျင်နီယာအဖြစ်လည်းကောင်း၊ M.T.M Maritime Centre ရန်ကုန်မြို့နှင်‌့ JSM International Ltd., Pusan, Korea တို့တွင် အငယ်တန်းအင်ဂျင်နီယာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ 
        အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခရိုင်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်၊ ရမည်းသင်းခရိုင်၊ ခရိုင်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင်၊ နေပြည်တော်ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့ရှိဗြဟ္မစိုရ် နှလုံးသားလူမှုကူညီရေးအသင်းအတွင်းရေးမှူး၊ ထာဝရနွမ်းပါးသက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးအဖွဲ့ နာယက၊ သာဝတ္ထိမြို့ အ.ထ.က(၆)၏ကျောင်း အကျိုးတော်ဆောင်အဖွဲ့၊ အဖွဲ့ဝင်တို့အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ 
        ၂၀၁၄ ခုနှစ်၊ လယ်ဝေးမြို့နယ် တရားရုံးတွင် ပြစ်မှုပုဒ်မ ၂၉၄(ခ)၊ ဒဏ်ငွေငါးသောင်းကျပ် ပေးဆောင်ခဲ့ရသည်။