Skip to main content

ပြည်သူ့လွှတ်တော်၊နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယား- မြန်မာလွှတ်တော်များအကြား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Kim Jaewon  ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယား-မြန်မာလွှတ်တော်များအကြား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Kim Jaewon ဦးဆောင်သည့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-5) ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကိုရီးယား - မြန်မာလွှတ်တော်များအကြား ချစ်ကြည်ရေးပိုမိုခိုင်မြဲစေရန်အတွက် နှစ်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန်ခရီးစဉ်ကိစ္စ၊ ကိုရီးယား၏စီးပွားရေးတိုးတက်ပြောင်းလဲမှု၌ ခေတ်မီနည်းပညာများ အရေးကြီးပုံ၊ ကိုရီးယား ကျွန်းဆွယ်၌ ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် တောင်ကိုရီးယား အစိုးရ၏ ကြိုးပမ်းမှု၊ တောင်ကိုရီးယားလွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ၏ကဏ္ဍကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင် ဒေါ်ခင်နှင်းသစ်၊ ဦးမျိုးဇော်အောင်၊ ဦးဇာနည်မင်း၊ ဒေါက်တာဦးမင်းသိန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ    ၂၂  ရက်