Skip to main content

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၇) ဌာန၊ တိုင်းဒေသကြီး/ပြည်နယ် (၁၃)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၇) ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၃)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးများတွင် အတည်ပြုခဲ့သည့် အဆိုများ၊ ကတိဖြစ်ခဲ့သော ကြယ်ပွင့်ပြ/ကြယ်ပွင့်မပြ မေးခွန်းများနှင့် ပတ်သက်၍  ဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းစွာဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကော်မတီဝင်များက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်မှ ဒသမပုံမှန်အထိ အစည်းအဝေးများတွင် အတည်ပြုခဲ့သည့် အဆိုများ၊ ကတိဖြစ်ခဲ့သော ကြယ်ပွင့်ပြ/ကြယ်ပွင့်မပြ မေးခွန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းအခြေအနေများ၊ ဆောင်ရွက်ရန်ကျန်ရှိနေသော လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၂.၂.၂၀၁၉ ရက်နေ့ မွန်းလွဲ  ၂ နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့် နှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၇) ဌာန၊ တိုင်းဒေသကြီး/ပြည်နယ် (၁၃)ခု တို့မှ ရုံးအဖွဲ့မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်