Skip to main content

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှ ဦးမျိုးသန့် ဦးဆောင်သော တောင်သူလယ်သမားများအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့် သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှ ဦးမျိုးသန့် ဦးဆောင်သော တောင်သူ လယ်သမားများအဖွဲ့အား ယနေ့ မွန်းလွဲနာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၊ မီးခိုးကံကွင်း လယ်ယာမြေကိစ္စနှင့် စပ်လျဉ်း၍ လယ်ယာမြေပိုင်ဆိုင်မှုနှင့် အငြင်းပွားမှုများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ရေး  ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးသိန်းထွန်းနှင့် ကော်မတီ အဖွဲ့ဝင်များ၊ လှည်းကူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန် တို့တက်ရောက်ခဲ့ ကြသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၀ ရက်