Skip to main content

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျာမနီနိုင်ငံသံရုံးမှ ပထမအတွင်းဝန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနခေါင်းဆောင် Mr. Oliver Hoos အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျာမနီနိုင်ငံသံရုံးမှ ပထမအတွင်းဝန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနခေါင်းဆောင် Mr. Oliver Hoos အား ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။ တွေ့ဆုံရာတွင် မြန်မာ့အားကစားကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် မြန်မာနိုင်ငံမှ အားကစားနည်းပြများအား ဂျာမနီနိုင်ငံရှိ နည်းပြသင်တန်းများသို့ တက်ရောက် နိုင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဂျာမနီနိုင်ငံမှ ဆေးဘက်ဆိုင်ရာ အထောက်အကူပေးနိုင်ရေး ကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို ဂျာမနီသံရုံးမှ ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲများသို့ တက်ရောက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်