Skip to main content

ပြည်သူ့လွှတ်တော်၊လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Energize Myanmar Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Energize Myanmar Co.,Ltd အဖွဲ့အား ယနေ့ မွန်းလွဲနာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် လျှပ်စစ်ဓါတ်အား ပိုမိုရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော Project Empower စီမံကိန်းဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် Financially နှင့် Technically အဆင်သင့်ဖြစ်နေမှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်း စီမံချက်ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်