Skip to main content

“၄-၂-၂၀၁၉ ရက်စွဲပါဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်အမှား ပြင်ဆင်ချက်”

 

“၄-၂-၂၀၁၉ ရက်စွဲပါ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်အမှားပြင်ဆင်ချက်”

အပိုဒ် ၂ အပိုဒ်ခွဲ(ခ)ပါ ဦးအေးနိုင်[ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်]၏ အဆိုတင်သွင်း ခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ပြင်ဆင်ဖော်ပြအပ်ပါသည် -

( ခ )   အဆို(၁)ခုတင်သွင်းခြင်း

ဦးအေးနိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ် ၆ မြို့နယ်တွင် တိကျသည့် နယ်နိမိတ် သတ်မှတ်ချက်၊ တိကျသည့် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ကာ တရားဝင် မှတ်ပုံတင်စေပြီး အချိန်ကာလတစ်ခုအထိ ရည်ရွယ်၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုပါရန်  နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းပြီး ဦးရဲလွင်၊ အလုံမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ကန့်ကွက်သူရှိသဖြင့် လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်/မသင့် စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူဦးရေများသည့်အတွက် လက်ခံဆွေးနွေးရန်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်