Skip to main content

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း ရှေ့မူလ ကရင်စာပေအသင်းမှ စာပေအကြံပေးနှင့် အတိုင်ပင်ခံ ဦးစောမောင်ကြီး ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်းသည် ရှေ့မူလ ကရင်စာပေအသင်းမှ ဆရာတော်များနှင့် စာပေအကြံပေး နှင့်အတိုင်ပင်ခံ ဦးစောမောင်ကြီး ဦးဆောင်သောအဖွဲ့ဝင် (၄၅) ဦးအား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကော်မတီ၏ လုပ်ငန်းဆောင်တာများအား ရှင်းလင်းပြောကြားပြီး ရှေ့မူလ ကရင်စာပေ အသင်းမှ ရှေ့မူလစာပေနှင့် ယဉ်ကျေးမှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးဆိုင်ရာ ကိစ္စရပ်များအား  ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအင်ထုံခါးနော်ဆမ်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်