Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း မြန်မာနိုင်ငံရှေးဟောင်းသုတေသန ပညာအသင်းနှင့် ညောင်ဦးမြို့၊ မြင့်မြတ်သူစေတနာ သွေးလှူရှင်အသင်းတို့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းသည် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းနှင့် ညောင်ဦးမြို့၊ မြင့်မြတ်သူစေတနာ သွေးလှူရှင် အသင်းတို့အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ မူကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက် လိုသောအချက်များအား တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူးနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်