Skip to main content

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း GIZ - BFSD အဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း သည် GIZ – BFSD အဖွဲ့အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုများကို ကြိုတင်ကာကွယ်မှုပြုလုပ်နိုင်ရန်၊စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးသီးနှံအာမခံ ချေးငွေများနှင့် ပတ်သက်၍ စိုက်ပျိုးရေးအာမခံလုပ်ငန်းဆိုင်ရာ နည်းပညာများ အကူအညီ ပေးရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ  အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်