Skip to main content

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေအိမ်၌ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)၀တ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာစားပွဲသို့ တက်ရောက်

 

 

291218

 

 

 

 

 

 

 

 

 

 

 

 

 

 

ခရစ်တော်မွေးနေ့(ခရစ္စမတ်) ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာစားပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏နေအိမ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြ သည်။

နေ့လယ်စာစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  ဒုတိယ သမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့်ဇနီး၊ ပြည် ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုတရား သူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ နှင့် အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သိက္ခာတော်ရ ဆရာတော်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေနှင့် မိသားစုတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

နေ့လယ်စာစားပွဲတွင် နေပြည်တော် ခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာတင်မောင်အေး က ခရစ္စမတ် ဆုမွန်ကောင်း တောင်း ဖွင့်လှစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်အကြီးအကဲများ နှင့် နိုင်ငံသူ နိုင်ငံသားများအတွက် ဘုရားသခင်ကောင်းချီးမင်္ဂလာ ရရှိစေရန် ဆုတောင်း မေတ္တာ ပို့သသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က ခရစ္စမတ်အထိမ်းအမှတ်ကိတ်ကို အတူတကွ လှီးဖြတ်ပေးကြသည်။ ယင်းနောက် နေ့လယ်စာစားပွဲသို့ တက်ရောက် လာကြသူများက ခရစ္စမတ် တေးသီချင်း ကို သီဆိုကြသည်။ ထို့နောက် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာတော် ဦးချမ်းခေါ က ကျေးဇူးတော်ချီးမွမ်း၍ ဆုတောင်းမေတ္တာပို့သသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသူများက နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။ နေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး မိသားစုဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

၂၀၁၈ခုနှစ်၊  ဒီဇင်ဘာလ ၂၉ ရက်