Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီးနှင့် ပြင်သစ်နိုင်ငံ၊ အောက်လွှတ်တော်မှ အမြဲတမ်း ကော်မတီအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H. E. Mr. Christian LECHERVY ၊ ပြင်သစ်နိုင်ငံ၊ အောက်လွှတ်တော်မှ စီးပွားရေးရာ အမြဲတမ်းကော်မတီအဖွဲ့ဝင် H.E. Mr. Christophe Naegelen နှင့် နိုင်ငံခြားရေးရာ အမြဲတမ်း ကော်မတီအဖွဲ့ဝင် H.E. Mr. Jean Francois Mbaye တို့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြင်သစ်-မြန်မာ နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေး၊ နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးခင်မောင်စိုးနှင့်  ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

၂၀၁၈ ခုနှစ်၊  ဒီဇင်ဘာလ ၁၉ ရက်