Skip to main content

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ် Mr. Per Kristian Foss အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်  Mr. Per Kristian Foss ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ သဘင်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နော်ဝေ - မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက် သွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း များတွင် အကူအညီများပေးနိုင်ရေး၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအနေဖြင့် စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်အစီရင်ခံ စာများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသောကိစ္စ ရပ်များ၊ နော်ဝေနိုင်ငံမှ နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီသော စာရင်းစစ်ဥပဒေ၊ နည်းပညာအတွေ့ အကြုံများနှင့်စပ်လျဉ်း၍ သုံးသပ်အကြံပြုချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကနှင့်အတူ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဦးအောင်မင်း၊ ဒုတိယ  ဥက္ကဋ္ဌ (၂) ဦးစောသန်းထွဋ်တို့နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်