Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr.Ronen Gilor ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ အမတ်ကြီး  H.E.  Mr. Ronen Gilor ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီ အချိန်တွင် လွှတ်တော်ရေးရာဆောင် (I-5) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့၏ ရှည်လျားကြာမြင့်ပြီဖြစ်သော ချစ်ကြည် ရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေး၊ အစ္စရေးနိုင်ငံ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော ပညာရေး၊ စိုက်ပျိုးရေးနှင့် ကျန်းမာရေး သုံးချောင်းထောက် (Three Pillars) ကူညီမှု စီမံကိန်း၊ အစ္စရေးနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး ပေါ်လစီ၊ အစ္စရေးနှင့် မြန်မာတို့၏ အနုပညာယဉ်ကျေးမှု နှီးနှောဖလှယ်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ ပေးအပ်မည့် အစ္စရေးပညာတော်သင် အစီအစဉ် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ ကော်မတီအဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်