Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း Innovations in Legal Empowerment (NAMATI) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် Innovations in Legal Empowerment (NAMATI) အဖွဲ့အား ယနေ့ ညနေ ၄ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေနှင့်စပ်လျဉ်း၍ ဥပဒေရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ  ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်