Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် ကိုရီးယားသမ္မတ နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Lee Sang- hwa  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Lee Sang- hwa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် လွှတ်တော်ရေးရာဆောင် အမှတ် (I-5) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းရေးအားထုတ်မှု ဖြစ်စဉ်နှင့်အလားအလာ၊ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အောင်မြင်မှုရလဒ်များ၊ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ ယဉ်ကျေးမှုနှင့်ပတ်သက်ပြီး ဆက်ဆံရေးတိုးမြှင့်ရန်ကိစ္စ၊ ကိုရီးယားခရီးသွားများ ဗီဇာကင်းလွတ်ခွင့်ကြောင့် မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ရေးကိစ္စ၊ တောင်ကိုရီးယားနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်မည့် မန္တလေး - မြစ်ကြီးနား ရထားလမ်းအခြေအနေ၊ နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးမှု တိုးတက်မြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ 

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေး ကော်မတီဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်