Skip to main content

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် UK အောက်လွှတ်တော်မှ ပညာရေးကော်မတီ ဥက္ကဋ္ဌဟောင်း Mr. Neil Carmichael ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် UK အောက်လွှတ်တော်မှ ပညာရေးကော်မတီ ဥက္ကဋ္ဌဟောင်း Mr. Neil Carmichael ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I - 13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မျိုးဆက်သစ်များ၏ ပညာရေးအတွက် အခြေခံဆရာ၊ ဆရာမတို့၏ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားမှုများကို စုံစမ်းလေ့လာမှုတစ်ရပ် ပြုလုပ်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်နှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်