Skip to main content

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Parami Energy Service Co.,Ltd မှ ဒါရိုက်တာ ဦးပြည့်ဝထွန်း ဦးဆောင်သော အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Parami Energy Service Co.,Ltd မှ ဒါရိုက်တာ ဦးပြည့်ဝထွန်း ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8)၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လျှပ်စစ်ဓါတ်အားသုံးစွဲမှုအစား အိမ်တွင်းသုံး LPG ဓါတ်ငွေ့ရည်ဖြင့် အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ LPG ဓါတ်ငွေ့ရည် တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ပတ်သက်သည့် ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသော အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့်(ခ)ဦးအောင်ဇော်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်