Skip to main content
(ဆ)-ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များရှိ မုတ္တမပင်လယ်ကမ်းရိုးတန်း ကုန်းတက်မြေ ၂၇၇၃၈ ဧကအား ဒီရေတော၊ ကြိုးပြင်ကာကွယ်တောများအဖြစ် သတ်မှတ်ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

 

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များတွင်ရှိသည့် ကပ္ပလီပင်လယ်ပြင်နှင့် ထိစပ်လျက်ရှိသော မုတ္တမကွေ့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် လွန်ခဲ့သော ၁၅ နှစ်ခန့်ကစပြီး ကုန်းတက်မြေများ ပေါ်ထွန်းလာရာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဒီရေတောများ သဘာဝအလျောက် ဖြစ်ထွန်းလျက်ရှိသည်မှာ ယခုဆိုလျှင် စုစုပေါင်းအကျယ်အဝန်း ၄၃.၃၄ စတုရန်းမိုင်၊ အလျား ၃၅.၆၉

(စ)-နိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသော သစ်အသုံးပြုခွင့်ရရှိရေးအား မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

နိုင်ငံတော်မှ ၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး သစ်ထုတ်လုပ်ခွင့်အား ပိတ်ပင်ခဲ့ပြီး ၂၀၁၇ တွင် အကန့် အသတ်ဖြင့် ထုတ်လုပ်ခွင့်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်မှ သစ်ထုတ်လုပ်ခွင့်အား ရာသီဥတုဖောက်ပြန်မှု၊ သစ်အလွန်အကျွံထုတ်လုပ်မှု၊ ကိုယ်ကျိုးစီးပွားရှာမှုတို့ကြောင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည့်အတွက် ကြိုဆိုရမည်ဖြစ် သော်လည်း  အကျိုးဆက်အဖြစ် သစ်၊ ဝါးများကို အဓိကအားထားနေရသည့် ပြည်သူအမျ

(င)-မြစ်ရေပြင် အရောင်အဆင်းပြောင်းလဲမှုသည် အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်ရှိ မြစ်ရေပြင်များအထိ ပျံ့နှံ့ရောက်ရှိနေသဖြင့် ရေပြင်ညစ်ညမ်းမှုသည် မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်ပေါ်ရသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ထူးခြားမြစ်ရေပြင် အရောင်အဆင်းပြောင်းလဲမှုဖြစ်စဉ်သည် ယခုအခါ အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်ရှိ မြစ်ရေပြင်များအထိပါ ပျံ့နှံ့ရောက်ရှိနေသည်ဖြစ်ရာ ထိုရေပြင်ညစ်ညမ်းမှုသည် မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်ပေါ်ရသည်၊ လူသားများနှင့်ရေနေသတ္တဝါများအပေါ် မည်ကဲ့သို့ ဆိုးကျိုးများ ကျရောက်နိုင်သည်ကို

(ဃ)-ဝမ်ဖွီးသစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသော ရွာမြေ၊ သာသနာ့မြေ၊ ယာမြေ၊ လယ်မြေများကို ဒေသခံတောင်သူလယ်သမားများလက်ဝယ်သို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ဝမ်ဖွီးသစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်း နယ်နိမိတ်ဧရိယာအတွင်း ကျရောက် နေသော ရွာမြေ၊ သာသနာ့မြေ၊ ယာမြေ၊ လယ်မြေများကို မူလကတည်းက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့် ဒေသခံတောင်သူလယ်သမားများလက်ဝယ်သို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

(ဂ)-ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာအုပ်စု၊ တောစုကျေးရွာ သဘာဝစိမ့်စမ်းရေထိန်းတောအား နိုင်ငံတော်မှ နယ်နိမိတ်ဧရိယာသတ်မှတ်၍ ကျေးရွာပိုင်ရေထိန်းတောအဖြစ် ထိန်းသိမ်းကာကွယ်စောင့်‌ရှောက် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာအုပ်စု၊ တောစုကျေးရွာသည် အိမ်ခြေ ၂၁၀၊ လူဦးရေ ၁၀၀၀ နီးပါးရှိပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသော ကျေးရွာဖြစ်ပါကြောင်း၊ ရေတွင်း၊ ရေကန်တူးဖော်ရန် အလွန်ခက်ခဲသောကျေးရွာတစ်ရွာဖြစ်ပြီး ကျေးရွာအနီးရှိ တောင်ပေါ်မှထွက်ရှိ သော သဘာဝစိမ့်စမ်းရေတွင်းမှ