Skip to main content
စုစုပေါင်းမေးခွန်း (83) ခု
(စ)-နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ပေါ်ရှိ ပြည်သူလူထုအတွက် သောက်သုံးရေ လုံလောက်စွာ ရရှိရေးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပန်ဆောင်မြို့ ပြည်သူများ၏ နေ့စဉ်သောက်သုံးရေ ရှားပါးမှုအခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးရန် လွှတ်တော်ထဲနှင့်နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၏ ခရီးစဉ်များတွင် အကြိမ်ကြိမ်တင်ပြတောင်းခံခဲ့ပါကြောင်း၊ သို့သော် ယနေ့အချိန်အထိ ပန်ဆောင်မြို့ပေါ်ပြည်သူများအတွက် သောက်သုံးရေရရှိရေးလုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက် ပေးနိုင်မှု မရှိသည်ကိုတွေ့မြင်နေရပါကြောင်

(င)- ကျိုင်းတုံမြို့နယ်၊ မိုင်းငွန်းကျေးရွာအုပ်စုတွင် အရှည်(၇၇x ၁၂ x ၁၀ ပေ)ရှိ နမ်ငွန်းနွဲ့ချောင်းကူး တံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ကျိုင်းတုံမြို့၊ မိုင်းငွန်းရွာအနီး တစ်မိုင်ခန့်တွင် စီးဆင်းလျက်ရှိသော နမ်ငွန်းနွဲ့ချောင်းသည် မိုးတွင်းကာလတွင် တောင်ကျရေများစီးဆင်းခြင်းကြောင့် ချောင်းရေကြီးကာ သွားလာရန်ခက်ခဲသည့်ချောင်းဖြစ်ပြီးချောင်းတစ်ဖက်ရှိကျေးရွာများတွင်နေထိုင်သည့်ရွာသူရွာသားများအနေဖြင့်အဘက်ဘက်တွင်ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲနိမ့်ကျလျက်ရှိပါကြောင်း၊ ၎င်းချောင်းကို အရှည်(၇၇

(ဃ)-ပူတာအိုမြို့နယ်ရှိ ပူတာအို-နမ်ထွမ်ခူးကျေးရွာအုပ်စုချင်းဆက် ကျောက်ချောလမ်း ၁၄/၅ မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းအဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပူတာအိုမြို့နယ်၊ နမ်ထွမ်ခူးကျေးရွာအုပ်စုသည် ပူတာအိုမှ ၁၄/၅ မိုင်ကျော်ဝေးပြီး ပူတာအိုမြို့ ၏အနောက်ဘက်ဆုံး တောတောင်များပတ်လည်ဝန်းရံထားသောချိုင့်ဝှမ်းတွင် တည်ရှိသည့်ကျေးရွာ အုပ်စုဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုတွင် အိမ်ခြေ ၃၆၁ အိမ်၊ လူဦးရေ ၂,၂၈၃ ဦးနေထိုင်သော ကျေးရွာအုပ်စုကြီး ဖြစ်ပါကြောင်း၊ အုပ်စုတွင်း အထက

(ည)-လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ နောင်မက်မီးရွာအဝင်လမ်းရှိ ကျောက်ချောလမ်း ၂၆၆၄၃ ပေအား ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ နောင်မတ်မီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့   နံနက်ပိုင်းတွင် လုထုတွေ့ဆုံပွဲ၊ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲကို ကျင်းပခဲ့ပါကြောင်း၊ အခမ်းအနားတွင် ကျေးရွာပေါင်း ၁၉ ရွာမှ ဒေသခံတိုင်းရင်

(ဈ)-ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဆိုက်ခေါင်အိမ်တွင်းသက်မွေးပညာသင်ကျောင်း၏ လိုအပ်နေသေးသော ဆောင်ရွက်ရန်ကိစ္စများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဖြည့်ဆည်းပေးပြီး အမြန်ဆုံးဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဆီဆိုင်မြို့နယ်အပါအဝင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ