Skip to main content
zwt

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်၊ ပြည်သူ့လွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ်-၁၂ (I-12) သို့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် (သောကြာနေ့) ထက်မစော၊ ဇန်နဝါရီလ ၂၈ ရက် (စနေနေ့) ထက် နောက်မကျစေဘဲ သတင်းပို့ကြရာတွင် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန်နှင့် ဇန်နဝါရီလ ၂၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီအချိန်တွင် ရသုံးခန့်မှန်းခြေ ငွေစာရင်း စိစစ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်