Skip to main content

ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ

ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၉ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၁၆) ထုတ်ပြန်၍ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

၁။       ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့်ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက် တို့အရ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုး တက်ရေးကော်မတီကို အောက်ပါပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည် -

(က)

ဒေါ်ခင်စန်းလှိုင်

ပုလဲ မဲဆန္ဒနယ်

ဥက္ကဋ္ဌ

(ခ)

ဦးအောင်စိုး

ယင်းမာပင် မဲဆန္ဒနယ်

အဖွဲ့ဝင်

(ဂ)

ဦးစိုးအောင်နိုင်

ကျုံပျော် မဲဆန္ဒနယ်

အဖွဲ့ဝင်

(ဃ)

ဦးမျိုးဇော်ဦး

လယ်ဝေး မဲဆန္ဒနယ်

အဖွဲ့ဝင်

(င)

‌ဒေါ်ချိုချို

အုတ်တွင်း မဲဆန္ဒနယ်

အဖွဲ့ဝင်

(စ)

ဦးရဲထွန်းဝင်း

ပေါက် မဲဆန္ဒနယ်

အဖွဲ့ဝင်

(ဆ)

ဦးသက်နိုင်ဦး

‌ရေဖြူ မဲဆန္ဒနယ်

အဖွဲ့ဝင်

(ဇ)

ဦးခွန်အောင်ကျော်

ဟိုပုန်း မဲဆန္ဒနယ်

အဖွဲ့ဝင်

(ဈ)

ဦးဦးလှစော

မြောက်ဦး မဲဆန္ဒနယ်

အဖွဲ့ဝင်

(ည)

ဦးစိုင်းထွန်းအောင်

‌ကျောက်မဲ မဲဆန္ဒနယ်

အဖွဲ့ဝင်

(ဋ)

ဦးသောင်းအေး

‌ပေ်ျာဘွယ် မဲဆန္ဒနယ်

အဖွဲ့ဝင်

(ဌ)

ဦးသန်းစိုး

သာစည် မဲဆန္ဒနယ်

အဖွဲ့ဝင်

(ဍ)

ဗိုလ်မှူးချုပ်နိုင်ဝင်း

တပ်မတော်သားကိုယ်စားလှယ်

အဖွဲ့ဝင်

()

ဒေါ်ခင်မို့မို့အောင်

လသာ မဲဆန္ဒနယ်

အဖွဲ့ဝင်

(ဏ)

ဦးနေစိုးအောင်

ဝန်းသို မဲဆန္ဒနယ်

အဖွဲ့ဝင်

(တ)

‌ဦးတင်ထွန်းနိုင်

ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်

အတွင်းရေးမှူး

(ထ)

ဗိုလ်မှူးကြီးမြင့်ချို

တပ်မတော်သားကိုယ်စားလှယ်

လေ့လာသူ

(ဒ)

ဒုတိယဗိုလ်မှူးကြီးမျိုးဝင်းလှိုင်

တပ်မတော်သားကိုယ်စားလှယ်

လေ့လာသူ

၂။       ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။

 

၃။       ကော်မတီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်း တာဝန်ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ်ပြည့်မြောက်သည့်အခါ လိုအပ်ပါ ကသက်တမ်းတိုးနိုင်သည်။

၄။       လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကာလအတွင်း လိုအပ်ပါက ကော်မတီဝင်များ ကို သင့်လျော်သလိုလဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။

၅။       ကော်မတီသည် -

 

(က)

ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ကူညီဆောင်ရွက်ပေးရမည်။

 

( ခ)

သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ် ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။

 

( ဂ)

သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ သည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက် သည့် ဥပဒေများနှင့် လည်းကောင်း ညီညွတ် ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှု ရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းညှိကူညီရမည်။

 

(ဃ)

သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။

၆။       ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတို့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြခြင်း ပြုနိုင်သည်။

၇။       ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော် လည်းကောင်း၊ကော်မတီ တွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော် လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ လွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့်အတူ ပူးတွဲ၍အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။

ကော်မတီလုပ်ပိုင်ခွင့်

၈။       ကော်မတီ အစည်းအဝေးများကိုပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။

၉။       ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ -

 

(က)

ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။

 

(ခ)

ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။

 

(ဂ)

အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆိုတင်သွင်း ရမည်။

 

(ဃ)

အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။

 

(င)

အစီရင်ခံစာကို ဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦး သည် အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။

၁၀။     ကော်မတီဝင်များသည် -

 

(က)

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။

 

(ခ)

လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင် ခွင့်ရှိသည်။

 

(ဂ)

ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

၁၁။     ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့် အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၂။     ကော်မတီဝင်များသည်-

 

(က)

ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရ ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

 

(ခ)

ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

 

(ဂ)

ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။

အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၁၆)အမိန့်ကြော်ငြာစာအမှတ် (၅၇/ ၂၀၁၆)အမိန့် ကြော်ငြာစာ အမှတ် (၁၅/၂၀၁၇) နှင့်  အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၁၈) များအရ ပြန်လည်ပြုစုထားခြင်းဖြစ်ပါသည်။