Skip to main content

ဖွဲ့စည်းခြင်း

၁။       ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၈ တို့အရ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည် -

 

(၁)

သူရဦးရွှေမန်း

 

ဥက္ကဋ္ဌ

 

()

ဒေါက်တာဦးအောင်ခင်

ပြင်ဦးလွင်

ဒုတိယဥက္ကဋ္ဌ-၁

 

()

ဒေါက်တာသန်းဝင်း

မန္တလေးတိုင်း မဲဆန္ဒနယ်အမှတ် (၁)

ဒုတိယဥက္ကဋ္ဌ-၂

 

()

ဦးဝင်းထိန်

 

အဖွဲ့ဝင်

 

()

ဦးခင်မောင်ဝင်း

လမ်းမတော်

အဖွဲ့ဝင်

 

()

ဦးမောင်မောင်အုန်း

ဧရာဝတီတိုင်း မဲဆန္ဒနယ်အမှတ် (၅)

အဖွဲ့ဝင်

 

()

ဦးကိုကိုနိုင်

ရမည်းသင်းမဲဆန္ဒနယ်

အဖွဲ့ဝင်

 

()

ဦးရဲမြင့်

ရဲမှူးကြီး

အဖွဲ့ဝင်

 

()

ဦးတင်အောင်ချို

လက်ထောက်ဌာနေ

ကိုယ်စားလှယ် (ငြိမ်း)၊

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)

အဖွဲ့ဝင်

 

(၁၀)

ဦးမောင်တိုး

ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း)

မြန်မာ့ပုလဲလုပ်ငန်း

အဖွဲ့ဝင်

 

(၁၁)

ဦးကြည်သာ

ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း)

ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း

အဖွဲ့ဝင်

 

(၁၂)

ဦးအေးမောက်

ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း)

စက်မှု(၁)ဝန်ကြီးဌာန

အဖွဲ့ဝင်

 

(၁၃)

ဦးသိန်းလွင်

ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း)

မြန်မာ့ရေနံဓာတုလုပ်ငန်း

အဖွဲ့ဝင်

 

(၁၄)

ဦးတင်မောင်ဦး

ဗိုလ်မှူးကြီး (ငြိမ်း)

အဖွဲ့ဝင်

 

(၁၅)

ဦးဝင်းသန်း

ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း)

ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန

အဖွဲ့ဝင်

 

(၁၆)

ဦးစောလှထွန်း

ကုမ္ပဏီ ဥက္ကဋ္ဌ

အဖွဲ့ဝင်

 

(၁၇)

ဒေါက်တာ စိုးမိုးအောင်

မြို့နယ်ဦးစီးမှူး (ငြိမ်း)

 တိမွေးကုဦးစီးဌာန

အဖွဲ့ဝင်

 

(၁၈)

ဦးစိုးမြင့်

ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

ရေအရင်းအမြစ်

အဖွဲ့ဝင်

 

(၁၉)

ဦးမြင့်ထွန်း

ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

မီးသတ်ဦးစီးဌာန

အဖွဲ့ဝင်

 

(၂၀)

ဦးဇော်မြင့်ဖေ

ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

 နိုင်ငံတော် အေးချမ်းသာယာရေး နှင့်

ဖွံ့ဖြိုးရေး ကောင်စီရုံး

အဖွဲ့ဝင်

 

(၂၁)

ဦးမြသိန်း

ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး

အဖွဲ့ဝင်

 

(၂၂)

ဒေါက်တာသီတာဦး

ပါမောက္ခ (ဌာနမှူး)

ဥပဒေပညာဌာန

အဖွဲ့ဝင်

 

(၂၃)

ဦးညီထွန်း

ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး (ငြိမ်း)

အဖွဲ့ဝင်

 

(၂၄)

ဦးစံရွှေအောင်

အမြဲတမ်းအတွင်းဝန် (ငြိမ်း)

နယ်စပ်ရေးရာဝန်ကြီးဌာန

အဖွဲ့ဝင်

 

(၂၅)

ဦးဘိုဝင်း

ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

ပညာရေးနှင့် လေ့ကျင့်ရေး

အဖွဲ့ဝင်

 

(၂၆)

ဦးမြင့်ဆွေ

ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

ကြေးတိုင်နှင့် မြေစာရင်း

အဖွဲ့ဝင်

 

(၂၇)

ဦးကျော်စိန်

ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

ပြည်ထောင်စုရှေ့နေချုပ်ရုံး

အဖွဲ့ဝင်

 

(၂၈)

ဦးခင်မောင်ဦး

ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

ပြည်ထောင်စုရှေ့နေချုပ်ရုံး

အဖွဲ့ဝင်

 

(၂၉)

ဦးတင်ဝင်း

ညွှန်ကြားရေးမှူး (ငြိမ်း)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

အဖွဲ့ဝင်

 

(၃၀)

ဦးစန်းလွင်

ညွှန်ကြားရေးမှူး (ငြိမ်း)

ပြည်ထောင်စုရှေ့နေချုပ်ရုံး

အဖွဲ့ဝင်

 

(၃၁)

ဦးကျော်စန်း

တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး (ငြိမ်း)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အဖွဲ့ဝင်

 

(၃၂)

ဦးအေးဟန်

ညွှန်ကြားရေးမှူး (ငြိမ်း)

တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အဖွဲ့ဝင်

 

(၃၃)

ဦးအောင်မြင်

ညွှန်ကြားရေးမှူး (ငြိမ်း)

ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အဖွဲ့ဝင်

 

(၃၄)

ဒေါ်သန်းသန်းရီ

ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း)

ပြည်ထောင်စုရှေ့နေချုပ်ရုံး

အဖွဲ့ဝင်

 

(၃၅)

ဒေါ်ညိုညိုလှ

စာရင်းစစ်နှင့် ဘဏ္ဍာရေး

အကြံပေး (ပြင်ပ)

အဖွဲ့ဝင်

 

(၃၆)

ဒေါ်အေးအေးမူ

ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

နိုင်ငံခြားရေးဝန်ကြီးဌာန

အဖွဲ့ဝင်

 

(၃၇)

ဒေါ်သင်းခိုင်

ညွှန်ကြားရေးမှူး (ငြိမ်း)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး

အဖွဲ့ဝင်

 

(၃၈)

ဦးခင်မောင်ထွန်း

တွဲဖက်စစ်ထောက်ချုပ်(ငြိမ်း)

အတွင်းရေးမှူး

၂။       ဤကော်မရှင်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်သည်။

ကော်မတီသက်တမ်း

၃။       ကော်မရှင်၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ် ဖြစ်သည်။ သို့ရာတွင် ကော်မရှင်၏ လုပ်ငန်းတာဝန် ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ် ပြည့်မြောက်သည့်အခါ လိုအပ်ပါက သက်တမ်း တိုးနိုင်သည်။

၄။       လွှတ်တော် ဥက္ကဋ္ဌသည် ကော်မရှင်၏ သက်တမ်း ကာလအတွင်း အဖွဲ့ဝင်များကို သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

ကော်မတီတာဝန်

၅။       ကော်မရှင်သည် -

 

(က)

တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ် ပြဋ္ဌာန်းနိုင်ရေးတို့ကို လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်။

 

( ခ)

အထူးကိစ္စရပ်များ ပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့်ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရမည်။

 

( ဂ)

လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလ အတွင်း ပြီးစီးအောင် ဆောင်ရွက် ရမည်။

 

(ဃ)

လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန် ခွဲဝေသတ်မှတ် ဆောင်ရွက်ရမည်။

 

( င)

လွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံသည့်အခါ အကြံဉာဏ်ပေးရမည်။

၆။       ကော်မရှင်သည် လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့်အဖွဲ့အစည်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်း ဆွေးနွေးနိုင်သည်။

၇။       ကော်မရှင်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ရှိသည်။

၈။       ကော်မရှင်သည် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အပေါ်မူတည်၍ လုံခြုံမှုအဆင့်အတန်းကို သတ်မှတ်ဆောင်ရွက်နိုင်သည်။

ကော်မတီအခွင့်အရေး

၉။       ကော်မရှင်အဖွဲ့ဝင်များသည် လစဉ်ချီးမြှင့်ငွေကျပ် ၆၀၀၀၀ဝိ/-၊ တာဝန်အရ ခရီးသွားလာခြင်း အတွက် အခမဲ့တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်းမရှိပါက တစ်ရက်လျှင် တည်းခိုနေထိုင် စရိတ် ကျပ် ၅၀၀ဝိ/- နှင့် အခြားအသုံးစရိတ် ကျပ် ၅၀၀ဝိ/-၊ တာဝန်အရ ခရီးသွားလာရခြင်းအတွက် စားသောက် စရိတ်ကို တစ်ရက်လျှင် ကျပ် ၁၀၀၀ဝိ/- ခံစားခွင့် ရှိသည်။ ထို့အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၀။     ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင်အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အရေးယူ ခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ပြည်သူ့လွှတ်တော်ရုံး၏ ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၃၇/ ၂၀၁၆) ဖြင့် ဖျက်သိမ်းခဲ့သည်။