(က)-ငပုတောမြို့နယ်ရှိ ပုသိမ်-သလပ်ခွာ-မော်တင်စွန်းလမ်းသို့ ဆက်သွယ်ထားသော ငရုတ်ကောင်း- ငရုတ်ကောင်း(တောင်)လမ်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ဖောက်လုပ်ပေးနိုင်နှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်ထဲရေးဝန်ကြီးဌာန၏ ၁-၄-၂၀၁၄ရက်နေ့တွင် ထုတ်ပြန်သည့်ကြေညာစာအမှတ်၊ ၁၀၀/၂၂-၃၅၈ U ၁ အရ ငရုတ်ကောင်းမြို့နယ်အဆင့်သို့လည်းကောင်း၊ ကြေညာချက်အမှတ်၊ ၁၀၀/၂၄-၅၀ U ၁ အရ ငရုတ်ကောင်းမြို့ အဖြစ်သို့လည်းကောင်း တိုးမြှင့်ခြင်းခံခဲ့ရပါကြောင်း၊ ငရုတ်ကောင်းမြို့တွင် ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ရပ်ကွက် နှစ်ခုရှိပြီး ကျေးရွာပေါင်း ၆၈ ရွာရှိပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများအရ လူဦးရေ ၄၁၁၉၄ ဦး နေထိုင်ပါကြောင်း၊ ငရုတ်ကောင်းမြို့သည် ရိုးမဟုခေါ်သည့် အနောက်ရိုးမတွင် တည်ရှိပြီးဘင်္ဂလားပင်လယ်ကမ်းခြေလည်း တည်ရှိပါကြောင်း၊ မြို့အဖြစ် သတ်မှတ်ထားသော်လည်း လမ်