Law Database | Mail | English Version

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား

 ဥက္ကဋ္ဌ။ ။ လေးစားအပ်ပါသော လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်ပြီးမြောက်မည့်နေ့အချိန်ဖြစ်ပါ တယ်။ ထူးခြားမှုတွေနဲ့အတူ အတွေ့အကြုံသစ်များက ရရှိကြတဲ့ သင်ခန်းစာများဟာ နောင်အတွက် တန်ဖိုးရှိရှိထိထိရောက်ရောက် အသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြုလိုပါတယ်။ ကိုယ်စားလှယ်ကြီးများရဲ့ ပါဝင်မှုဟာ လွှတ်တော်ကို ပိုမိုအသက်ဝင်ခဲ့သလို လုပ်ငန်းဆောင်တာများကိုလည်း ထိုက်သင့်သော အောင်မြင်မှုများရရှိခဲ့ပါတယ်။ (၃၇)ရက်မြောက်နေ့အထိကြာတဲ့ အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်း ၄၉၀ ခုအနက် ၁၇၁ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၈၁၁ ခု အနက် ၆၀၈ ခုကို ဖြေကြားနိုင်ခဲ့ပါတယ်။ အဆို ၆ ခုနှင့် အရေးကြီးအဆို ၄ ခု တင်သွင်းနိုင်ခဲ့ပါတယ်။ ဥပဒေကြမ်း ၄၁ ခု ရှိရာ ဆွေးနွေးပြီး ဥပဒေ ၂၀ ခုကို အမျိုးသားလွှတ်တော်သို့ ပေးပို့နိုင်ခဲ့ပြီး ကျန် ၂၁ ခုကတော့ လွှတ်တော်အတွင်းမှာ ဆွေးနွေးဆဲဖြစ်ပါတယ်။

(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ လွှတ်တော်ကို ပြင်ပမှ လာရောက်လေ့လာသူအရေ အတွက်မှာ စုစုပေါင်း ၅၅၀၇ ဦး ရှိပြီး နိုင်ငံခြားသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၅၄၈၉ ဦး ရှိပါတယ်။ ခွဲခြားဖော်ပြရလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၉၃၂ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ၇၉၈ ဦး၊ အခြားပါတီ၊ အဖွဲ့အစည်းများမှ ၁၁၅၈ ဦး၊ ကျောင်းသူ၊ ကျောင်းသားများ ၆၀၁ ဦး တို့ဖြစ်ပါတယ်။ ပထမပုံမှန်အစည်းအဝေးမှ ယခု (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ၃၈၄၉၀ ဦး ရှိပြီး၊ နိုင်ငံခြားသား ၇၆၁ ဦး၊ မြန်မာနိုင်ငံသား ၃၇၇၂၉ ဦး ဖြစ်ပါတယ်။ ယင်းတို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၉၇၂၁ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၅၂၈၄ ဦး၊ အခြားပါတီ၊ အဖွဲ့အစည်းများမှ ၄၃၄၉ ဦး၊ ကျောင်းသူ၊ ကျောင်းသားများ ၈၃၇၅ ဦးတို့ဖြစ် ပါတယ်။

ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကိုယ်စားလှယ်ကြီးများ၏ အပြန်ခရီးကို အပြုံးများဖြင့် ကြိုနေ ကြမယ့်မိသားစုတွေနဲ့ မဲဆန္ဒရှင်များ၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ကြပါစေ။ ထို့အတူ လာမည့် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွက် အားသစ်အင်သစ်များဖြင့် ရွှင်လန်းစွာ ပြန်လည်ရောက်လာ ကြမယ့် ကိုယ်စားလှယ်ကြီးများကိုလည်း ပြည်သူ့လွှတ်တော်က အားကိုးကြီးစွာဖြင့် စောင့်ကြိုနေမှာ ဖြစ်ကြောင်း ပြောကြားရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ သွားလမ်းသာလို့ ပြန်လမ်းဖြောင့်ဖြူးကြ ပါစေ၊ ကျန်းမာရွှင်လန်းမှုအပြည့်ရရှိကြပါစေ။(သြဘာသံများ)

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်