Law Database | Mail | English Version

မိန့်ခွန်းများ

22/03/2013
၂၂-၃-၂၀၁၃ ခုနှစ် ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့ တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ နိဂုံးချုပ်အမှာ စကားပြောကြားခြင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- ယနေ့ ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမ ၆ ကြိမ်မြောက် အစည်းအဝေးကြီး ပြီးဆုံးမှာဖြစ်ပါတယ်။ “ပြည်သူ့အသံ- လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ- လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်- လွှတ်တော်ကဖော်ဆောင်ရွက်” ဆိုတဲ့ လွှတ်တော်ဆောင်ပုဒ်နဲ့အညီ လွှတ်တော်အတွင်းမှာ ပြည်သူ့အသံများ ညံစီစွာ လွှမ်းမိုးခဲ့ပါတယ်။ ထိုအသံများမှာလည်းြ...
09/01/2013
 ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များအားလုံး နှစ်သစ်မှာမင်္ဂလာပါ။ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပြီး အများပြည်သူအကျိုး၊ တိုင်းပြည်အကျိုးပိုမို သယ်ပိုးထမ်းဆောင်နိုင်ကြပါစေ။ ငြိမ်းချမ်းပြီး သာယာချမ်းမြေ့သော နိုင်ငံအဖြစ် ပြည်သူများနဲ့အတူ လက်တွဲညီညီ ဆောင်ရွက်နိုင်ကြပါ စေ။ ပြည်သူ့ကိုယ်စားလှယ်များ လွှတ်တော်ကိုယ်စားလှယ်များပီပီ နိုင်ငံတကာ စံချိန်စံညွှန်းမီသော ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းစေသော ဥပဒေများ၊ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်‌ရေ...
23/12/2012
ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  လွှတ်တော်၏ ဆောင်ရွက်ချက် များကိုတင်ပြခြင်း (မေးခွန်း/အဆို/ဥပဒေကြမ်း/ အထူးကိစ္စရပ်များ)နှင့်‌ အားနည်းချက်၊ အားသာချက်များ သုံးသပ်တင်ပြခြင်း   ဥက္ကဋ္ဌ။           ။ အစီအစဉ် ၂၅ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကာလအတွင်း ပြည်သူ့လွှတ်တော်က ဆောင်ရွက်ခဲ့သော မေးခွန်း၊ အဆို၊ ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး လွှတ်တော်သို့...
18/10/2012
 ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါ စေ။ ပြည်သူ့အကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုးပိုမို ဆောင်ရွက်နိုင်ကြပါစေလို့ဆန္ဒပြုရင်း ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတင်တဲ့နေ့မှာ နှုတ်ခွန်းဆက်သပါတယ်။ လွှတ်တော်များ၊ ပါလီမန်များ၊ ကွန်ဂရက်များဟာ ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးနှင့် ရှင်သန်ရေးတွင် အဓိက အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေပါတယ်။ သို့ဖြစ်၍ ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော လ...
06/09/2012
 ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ဆောင်ရွက် ချက်များကို တင်ပြခြင်း (မေးခွန်း၊ အဆို၊  ဥပဒေကြမ်း၊ အထူးကိစ္စရပ်များ) နှင့် အားနည်းချက်၊ အားသာချက်များသုံးသပ်တင်ပြခြင်း   ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မနေ့က အဆိုကိစ္စနှင့်ပတ်သက်ပြီး မိမိ တို့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြည့်ပြည့်စုံစုံကြားနာပြီးမှသာ အဖြေမှန် သုံးသပ်ဖော်ထုတ် နိုင်မှာဖြစ်ကြောင်း တင်ပြခဲ့ပါတယ်...
14/08/2012
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား ကျွန်တော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၃၃၄၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)ပါပြဋ္ဌာန်းချက်အား ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ်(၅)အရ ဥပဒေအရပေးအပ်ေသာ တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သဘောထားကို၂၀၁၂ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင် လွှတ်တော်အခွင့်အရေး ကော်မတီမ...
04/07/2012
လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။           ပြည်သူ့ကိုယ်စားလှယ်အသစ်များကိုလည်း ၀မ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုပါတယ်။ ထို့အတူ ကိုယ်စားလှယ် အဟောင်းများကိုလည်း ပြီးခဲ့တဲ့ကာလအတွင်း လွှတ်တော်အတွင်းမှာကော လွှတ်တော်ပြင်ပမှာပါ ပြည်သူများ အတွက် စေတနာထား ကြိုးစားဆောင်ရွက် ပေးခဲ့မှုများကို ချီးကျူးဂုဏ်ပြုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား           ယခင် မိမိအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်...
02/05/2012
  ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယနေ့ဟာ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးရဲ့ (၂၃) ရက်မြောက်နေ့နဲ့ နောက်ဆုံးနေ့ ကျင်းပတဲ့ရက် ဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှ ယနေ့ မေလ ၂ ရက်ထိ ၃ လကျော်ကာလအတွင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေး ပထမနေ့က တင်ပြထားတဲ့အတိုင်း ယခုကျင်းပပြုလုပ်ခဲ့တဲ့ တတိယပုံမှန်အစည်းအဝေးဟာ နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်းနဲ့ ဘဏ္ဍာငွေအရအသုံးဆ...
07/02/2012
လေးစားရပါသော နာယကကြီးနှင့် ပြည်သူ့ကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ ခင်ဗျား         မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဂါရဝတရားရှေ့ထားပြီး နှုတ်ခွန်းဆက်သ အပ်ပါတယ်။         နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး လက်ငင်း၊ ရေတိုနှင့် ရေရှည်အကျိုးများအတွက် ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေဖြင့်‌ ယခုလို တင်ပြရခြင်းဖြစ်ပါတယ်။         ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေဖြ...
26/01/2012
 ဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လွှတ်တော်ဥက္ကဋ္ဌရဲ့ ဝတ်ရုံဝတ်စုံကို လွှတ်တော်အစည်းအဝေးအစ၏ ပထမဦးဆုံးအကြိမ်မှ ပထမဦးဆုံးရပ်နားချိန်အထိ ဝတ်ဆင်ပြီး နောင်အချိန်များတွင် ဝတ်စုံမပါဘဲ တိုက်ပုံအနက်ဖြင့် အစည်းအဝေး တက်ရောက်ဆောင်ရွက်မည် ဖြစ်ကြောင်း တင်ပြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်းနဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ မဲဆန္ဒနယ်မြေရှိ ပြည်သူလူထုအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာ ရွှင်လန်းကြပြီး မင်္ဂလာအ...

Pages