Law Database | Mail | English Version

မိန့်ခွန်းများ

01/10/2013
လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား- ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးလိုရာ ပြည့်စုံကြပါစေ။ ကျန်းမာရွှင်လန်းစွာနှင့် စုံညီစွာ ပြန်လည်တွေ့ဆုံ ရလို့လဲ ဝမ်းမြောက်ဝမ်းသာ ရှိရပါတယ်။ တစ်လကြာ လွှတ်တော် ရပ်နားထားပေမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များကတော့ ပြည်သူများ ထံသွားပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုအပ်ချက်၊ ပြည်သူ့အခက်အခဲ များကို ကြားအောင် နားထောင်၊ မြင်အောင်ကြည့် နေကြရတာမို့ နားလိုက်ရ အားလိုက်ရမယ်မထင်ပါ။ တစ်ချို့ကိုယ်စားလှယ်များကလည်း ပြည်သူ့အကျိုးမှန်ကန်စွာ သယ်ပိုး နိုင်ဖို...
30/09/2013
နေပြည်တော်   စက်တင်ဘာ   ၂၉ “ရခိုင်တိုင်းရင်းသားများသည် ရခိုင်ပြည်နယ်၏ ထူးခြားသော ပထဝီနိုင်ငံရေးအရ အခြားတိုင်းရင်းသား များထက် ပြည်ထောင်စု ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအပြင် ယဉ်ကျေးမှု ဓလေ့ထုံးစံများ အတွက် ခက်ခက်ခဲခဲဖြင့် ထိန်းသိမ်းကာကွယ် တာဝန်ယူနေရကြောင်း၊ မိမိတို့အနေဖြင့် နှုတ်ဖြင့်ဂုဏ်ပြု ချီးမြှောက်နေရုံ မျှသာမဟုတ် အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကြရမှာဖြစ်ကြောင်း” ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့နံနက် ၉ နာရီတွင် ရန...
16/09/2013
  ၂၀၁၃ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မိန့်ခွန်းပြောကြား လေးစားအပ်ပါသော ဒီမိုကရေစီမိတ်ဆွေများခင်ဗျား ကျနော်တို့ရဲ့ ပြည်ထောင်စုလွှတ်တော်ကြီးမှာ ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပလာတာ (၃) ကြိမ်တိုင်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့တတွေအားလုံး ဒီမိုကရေစီပန်းတိုင်ကို အားကြိုးမာန်တက် ချီတက်နေကြတာ (၃)နှစ်တိုင်ခဲ့ပြီဆိုတဲ့ မှတ်တိုင်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် ယနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့သူများ၊ အားတက်သရော တက်ရောက်ဆွေးနွေးခဲ့ကြသူများက...
16/09/2013
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မာ ဦးသိန်းစိန် ထံမှ ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အခန်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ရာ အဆိုပါသဝဏ်လွှာအား အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးက ဖတ်ကြားပါသည်။ တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား- ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယတွင် မြန်မာပြည်သူပြည်သားများအနေဖြင့် ဒီမိုကရေစီစနစ်ထွန်းကားရေးနှင့် ဒီမိုကရေစီ အ...
16/09/2013
  ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း အဖွင့်အမှာစကား ပြောကြား ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် နိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ၊ နိုင်ငံတော်နဲ့ ပြည်သူများရဲ့ အကျိုးအတွက် ဖေါ်ဆောင်ပေးနိုင်မည့် ဒီမိုကရေစီ ကျင့်စဉ်ရှင်သန်ထွန်းကားရေးအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက် နိုင်ကြပါစေလို့ ဦးစွာဆုတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကမ္ဘာပေါ်မှာရှိနေတဲ့ အချုပ်အခြာအာ...
30/08/2013
လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်တွင် အဓိကတာဝန် တစ်ခုဖြစ်သော မေးခွန်းများမေးမြန်းဖြေကြားခြင်း၊ အဆိုများတင်သွင်းခြင်းနဲ့ ဥပဒေ ကြမ်းများကို အတည်ပြုဖို့ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ကြပါတယ်။ သာမန်အားဖြင့် မေးခွန်းများသည် အရေးမကြီးဟုထင်စရာရှိသော်လည်း ပြည်သူလူထု၏ လိုလားတောင့်တချက်များ၊ တစ်နည်းအားဖြင့် ပြည်သူများ၏ အသံများကို ဒီမိုကရေစီနည်းလမ်းဖြင့် ဖော်ဆောင်ပေးနေခြင်း ဖြစ်ပါ တယ်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သော မေးခွန်းအပေါ်မူတည်၍ အုပ်...
01/08/2013
ဇူလိုင်လ ၃၁ ၂၀၁၃ ခုနှစ်၊ အစည်းအဝေးသို့ တက်ရောက်နေကြသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေမှုအား တက်ရောက်ချီးမြှင့်ပေးပါသော နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ အမှူးပြုသော ပြည်ထောင်စုအဆင့်အကြီးအကဲများ၊  ပြည်ထောင်စု တရားလွှတ်တော် ပြည်ထောင်စု တရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အထူး ဖိတ်ကြားထားသောပုဂ္ဂိုလ်များ၊ ဗြိတိန်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Joh...
25/06/2013
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး ကောင်းကျိုးလိုရာ ပြည့်စုံ ကြပါစေ။ မိမိတို့လွှတ်တော်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် တာဝန် ရှိသော ဥပဒေပြုရေးနှင့် အပြန်အလှန် ထိန်းကျောင်းရေးတို့ကို လက်တွေ့ကျကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြပါစေ။ မိမိတို့နိုင်ငံတွင် လိုအပ်နေသော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စတဲ့ ကိစ္စများဟာ တစ်ခုနှင့်တစ်ခု ဆ...
08/04/2013
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဘက်စုံပညာထူးချွန်လူငယ်များနှင့် မွန်ပြည်နယ်  လူငယ်လေ့လာရေး အဖွဲ့အား ပြောကြားချက် (၆-၄-၂၀၁၃) ချစ်ခင်အားထားရပါသော လွှတ်တော်ကို လာရောက်ကြတဲ့ ထူးချွန်ကျောင်းသားကျောင်းသူများနှင့် လေ့လာကြသူ မောင်မယ်အပေါင်းတို့ကို လွှတ်တော်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ လွှတ်တော်ကို အလေးထားလေ့လာကြလို့လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်းပြောလိုပါတယ်။ လွှတ်တော်အား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) နှင့်အညီ မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက် စီးပွားရေးစနစ်ကို တည်ဆေ...
05/04/2013
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကင်းထောက်လူငယ်များ တွေ့ဆုံသည့် အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်း ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြတဲ့ ကျောင်းသားလူငယ်၊ ကင်းထောက်လူငယ်နှင့် အခြားတက်ရောက်လာတဲ့ ပုဂ္ဂိုလ်အားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဆုမွန်တောင်းပါတယ်။ အခုလို ပြည်သူ့လွှတ်တော်ကို လာရောက်လေ့လာတဲ့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ လေ့လာသူ မောင်တို့၊ မယ်တို့၊ သားတို့၊ သမီးတို့ကို ကြိုဆိုပါကြောင်း ပထမပြောလိုပါတယ်။ ဒီထက်ပိုပြောရမယ် ဆိုရင် မိမိတို့ပြည်သူ့လွှတ်တော်ကို အခုလို အလေးထားပြီးတော့...

Pages