Law Database | Mail | English Version

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း EU External Action Service (EEAS) ၊ အာရှနှင့် ပစိဖိတ်ဒေသဌာန ဦးဆောင်ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် EU External Action Service (EEAS) ၊ အာရှနှင့် ပစိဖိတ်ဒေသဌာန ဦးဆောင်ညွှန်ကြားရေးမှူး Mr. Gunnar Wiegand အား ယနေ့ညနေ ၃ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်  ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား အပြန်အလှန် ဆက်ဆံရေးနှင့် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံအား ပေးအပ်လျက်ရှိသည့် အကူအညီများအား ပိုမိုထိရောက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရခိုင်ဒေသ ဖွံ့ဖြိုးရေး၊ ရင်းနှီးမြှပ်နှံမှုများ တိုးမြင့်လာစေရေးနှင့် ဥပဒေရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့  ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးခင်မောင်ထွန်း နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်