Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း Royal Naing Group of Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Royal Naing Group of Co.,Ltd အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် Brilliance ကုမ္ပဏီမှ ထုတ်လုပ်သည့် မော်တော်ကားအမျိုးအစားများ၊ ပြည်တွင်းပြည်ပ ကားဈေးကွက်များနှင့် မော်တော်ကားထုတ်လုပ်ပုံ အဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၉ ရက်