Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် အရပ်ဖက်လူမှု အဖွဲ့အစည်းအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်သည် အရပ်ဖက်လူမှု အဖွဲ့အစည်းအား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် သစ်တော ဥပဒေကြမ်း ၂၀၁၇ နှင့်စပ်လျဉ်းပြီး အရပ်ဖက် အဖွဲ့အစည်းများ၏ စုပေါင်းအမြင်များနှင့် လေ့လာတွေ့ရှိချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါဆွေနွေးပွဲသို့ ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်