Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် NPO Asia Environmental Techology Promotion Institute, NPO-AET (အာရှဒေသပတ်ဝန်းကျင်ကောင်းမွန်ရေး နည်းပညာ ပြန့်ပွားမှုအဖွဲ့)အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်သည် NPO Asia Environmental Technology Promotion Institute, NPO-AET (အာရှဒေသပတ်ဝန်းကျင်ကောင်းမွန်ရေး နည်းပညာ ပြန့်ပွားမှုအဖွဲ့)အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် NPO မှ မြန်မာအလုပ်သင် သင်တန်းသားများအား ဂျပန်နိုင်ငံတွင် လုံခြုံ အေးချမ်းစွာ နည်းပညာသင်ယူနိုင်ရန်အတွက် သင်တန်းများ ကူညီထောက်ပံ့ပေးရေး၊ မြန်မာ အလုပ်သမားများ ဂျပန်နိုင်ငံတွင် သွားရောက်လုပ်ကိုင်မည်ဆိုပါက ဂျပန်နိုင်ငံ၏ လုပ်ငန်းခွင် General Skill Training များ ပေးနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးသိန်းထွန်း နှင့်အတူ ကော်မတီအဖွဲ့ဝင် (၁၁)ဦး၊ တပ်မတော်သားလေ့လာသူကိုယ်စားလှယ် (၂) ဦး တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၇ ရက်