Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း 359 Group International Japan Co.,Ltd မှ အမှုဆောင်အရာရှိချုပ် Mr. Banya Zawနှင့် Mr. Shinichiro Mistsuhiro ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် 359 Group International Japan Co.,Ltd မှ အမှုဆောင်အရာရှိချုပ် Mr. Banya Zaw နှင့် Mr. Shinichiro Mistsuhiro ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအမျိုးသားမှတ်ပုံတင်စနစ်နှင့် နိုင်ငံသားများ လုပ်ငန်းဆာင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရန် Digital ID Card အသုံးပြုခြင်း၏ အကျိုး ကျေးဇူးများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃ ရက်