Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း US ICT Council for Myanmar အဖွဲ့မှ Mr. Chsis Nolan အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် US ICT Council for Myanmar အဖွဲ့မှ Mr. Chsis Nolan အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-9) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ICT နည်းပညာဖြင့် မြန်မာနိုင်ငံအား ပိုမိုကောင်းမွန်သည့်မူဝါဒ၊ ပြည်သူများအတွက် ပိုမိုထိရောက်၍ စရိတ်သက်သာသော လူထုဝန်ဆောင်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်ပညာရေး အခြေခံ အဆောက်အဦလုပ်ငန်း၊ ICT မဟာဗျူဟာမျှော်မှန်းချက်များနှင့် Empowering Myanmar through Technology ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ ၃၁ ရက်