Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိန်း Agriculture & Farmer Federation of Myanmar (Food Allied Workers) AFFM- IUF အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် နှင့် အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိန်း တို့သည် Agriculture & Farmer Federation of Myanmar (Food Allied Workers) AFFM- IUF အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တောင်သူလယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ တောင်သူလယ်သမားများအတွက် ပိုမိုကောင်းမွန်သော ဈေးကွက်စီးပွားရေးစနစ် ရရှိနိုင်ရေးနှင့် အာမခံချက်ရှိသည့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီအတွင်းရေးမှူး ဦးသိန်းထွန်း၊ အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးစိုးဝင်း နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်