Law Database | Mail | English Version

အထူးကော်မရှင် ဥက္ကဋ္ဌအား ကာတာ သံအမတ်ကြီး လာရောက်တွေ့ဆုံ

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကာတာသံအမတ်ကြီးသည် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် လွှတ်တော် ရေးရာဆောင် အမှတ် (I-1) သို့ လာရောက်တွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံစဉ် ကာတာ သံအမတ်ကြီးမှ ပင်လယ်ကွေ့ဒေသ၏ အခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားသည်။

          အဆိုပါတွေ့ဆုံပွဲသို့  ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်