Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း Telenor Myanmar Limited မှ Mr.Lars Erik Tellmann ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Telenor Myanmar Limited မှ Mr.Lars Erik Tellmann ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် Telenor Myanmar ၏ ဆက်သွယ်ရေးကွန်ရက်မြှင့်တင်မှု၊ အခွန်အမျိုးမျိုး ပေးဆောင်မှု၊ ဝင်ငွေခွန်၏ ၂ ရာခိုင်နှုန်းဖြစ်သော Universal Service Fund အားသုံးစွဲမှု၊ Cyber Crime Law ပြဋ္ဌာန်းနိုင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်