Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌဦးကျော်မြင့်၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ NAMATI အဖွဲ့အား လက်ခံတွေ့ဆုံ

   ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များသည် NAMATI အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) ၌ လက်ခံတွေ့ဆုံသည်။

  ထိုသို့တွေ့ဆုံစဉ် လယ်ယာမြေများနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်၏ လုပ်ဆောင်ချက်များအပေါ် ၄င်းတို့၏ တွေ့ရှိချက် အစီအရင်ခံစာနှင့် အကြံပြုချက် ကိစ္စရပ်များ၊ တောင်သူလယ်သမားများ ရင်ဆိုင်နေရသော လယ်ယာမြေ ပြသနာများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ ၆ ရက်