Law Database | Mail | English Version

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Ellen Goldstein ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Ellen Goldstein ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

  ထိုသို့တွေ့ဆုံစဉ် ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ SME လုပ်ငန်းများဖွံ့ဖြိုးရေးတို့တွင် ကမ္ဘာ့ဘဏ်က အကူအညီများ ပေးနိုင်ရေးတို့နှင့်‌ စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်နှင့်‌ မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်‌တင်နိုင်ရန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

  အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ  ၆ ရက်