Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း စင်္ကာပူနိုင်ငံအခြေစိုက် PRIME အဖွဲ့၏ C.E.O Mr.Kenneth Kyaw Shein ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စင်္ကာပူနိုင်ငံအခြေစိုက် PRIME အဖွဲ့၏ C.E.O Mr.Kenneth Kyaw Shein ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝသော စားသောက်ကုန်ထုတ်လုပ်မှုနည်းစနစ်များ၊ ရိတ်သိမ်းချိန်လွန်စီမံခန့်ခွဲမှုနည်းပညာများ တိုးတက်မြင့်မားလာစေရေးနှင့် စိုက်ပျိုးရေး အခြေခံစီးပွားရေး မြှင့်တင်နိုင် ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်