Law Database | Mail | English Version

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်အဖွဲ့ဝင်များ ဒုတိယအကြိမ်မြောက် ဥရောပ-အာရှနိုင်ငံများ၏ လွှတ်တော်ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်ရန် ကိုရီးယားသမ္မတနိုင်ငံသို့ထွက်ခွာ

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် ဥရောပ-အာရှနိုင်ငံများ၏ လွှတ်တော် ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်ရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၅ ရက် ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်တို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းထွန်းကြိုင်၊ အမျိုးသားလွှတ်တော်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဌေးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ ဦးစီးအရာရှိ ဦးအယ်လ်ဆိုင်းခွန်တို့ လိုက်ပါသွားကြသည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်