ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် ရန်ကုန်မြို့အခြေစိုက် စင်ကာပူသံရုံး ဒုတိယအကြီးအကဲဖြစ်သူ Mr.Koh Chee Chian အား ၂၀၁၇ ခုနှစ်၊ မေလ ၁၁ ရက်နေ့ မွန်းလွဲ (၃) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-စင်ကာပူ သက်မွေးပညာ သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များနှင့် သင်တန်း အရည်အသွေး တိုးတက်မြင့်မားရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
၂၀၁၇ ခုနှစ်၊ မေလ ၁၁ ရက်