Law Database | Mail | English Version

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ် က National Democratic Institute (NDI) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် National Democratic Institute (NDI) အဖွဲ့မှ ဥပဒေပြုရေးဆိုင်ရာ စွမ်းအားမြှင့်တင်ရေး အကြီးတန်းအကြံပေးဖြစ်သူ မစ္စတာအက်ဒမွန်အက် ဖန်ဒီရာ အား ယနေ့ နံနက် ၁၁ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် NDI အနေဖြင့် လွှတ်တော်များ၏ ဥပဒေပြုရေးလုပ်ငန်းကဏ္ဍတွင် အထောက်အကူပြုစေနိုင်သည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက် သွားနိုင်ရေး၊  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံး ဝန်ထမ်းများအတွက် Speech Writing ရေးသားနည်း သင်တန်းများ ပို့ချနိုင်ရေးအတွက် Work Plan ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။    

အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုလွှတ်တော်ရုံး နှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ မေလ ၈ ရက်