Law Database | Mail | English Version

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာကာတာသံအမတ်ကြီးနှင့် International IDEA အကြီးအကဲတို့အား သီးခြားစီလက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာကာတာသံအမတ်ကြီး H.E. Mr Hassan Bin Mohamed Rafei Al-Emadiအားယမန်နေ့ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိလွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌လည်းကောင်း၊ မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ကာလရှည်ကြာစွာကူညီဆောင်ရွက်ပေးလျှက်ရှိနေသည့် International IDEA အဖွဲ့၏ အကြီးအကဲ ဖြစ်သူ H.E. Mr Mark McDowell နှင့်အဖွဲ့အားယနေ့ နေ့လယ် ၃ နာရီအချိန်တွင် နေပြည်တော်ရှိလွှတ်တော်ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။ ကာတာသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ International IDEA အကြီးအကဲနှင့် တွေ့ဆုံစဉ် ဥပဒေရေးရာကိစ္စရပ်များ၊ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စရပ်များနှင့် International IDEA အဖွဲ့အနေဖြင့် အကူအညီပေးအပ်နိုင်မည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ အဆိုပါတွေ့ဆုံပွဲများသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူအထူးကော်မရှင်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ 

၂၀၁၇ ခုနှစ်၊ မေလ ၃ ရက်