Law Database | Mail | English Version

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး မစ္စစ် ဟီလာရီကလင်တန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး မစ္စစ် ဟီလာရီကလင်တန်၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်းဘဲလ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာလက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာမိုက်ကယ်ပိုစနာ၊ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ်မစ်ချယ်နှင့်အဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော် လွှတ်တော်အဆောက်အအုံရှိ ဇမ္ဗူသီရိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်၌ ကော်မတီများဖွဲ့စည်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်း ဆောင်ရွက်နေမှု၊ ပြည်သူ့အကျိုးစီးပွားနှင့် နိုင်ငံတော်အကျိုးစီးပွားအတွက် အဓိကထား ဆောင်ရွက်နေမှု၊ ခေတ်နှင့်လျော်ညီပြီး လက်တွေ့ ဆောင်ရွက်နိုင်သည့် ဥပဒေများပေါ်ထွန်းစေရေးနှင့် ထိုဥပဒေများ အတိုင်း လွှတ်တော်၊ အစိုးရနှင့်ပြည်သူများက အမှန်တကယ် လိုက်နာ ဆောင်ရွက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေး၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိန်းညှိစောင့်ကြပ်ဆောင်ရွက်နေမှု၊ လွှတ်တော်အား ခိုင်ခံ့အောင်နှင့် ခိုင်မြဲအောင် ကြိုးစားဆောင်ရွက်နေမှု၊ နိုင်ငံအားလုံးနှင့်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးများ ဆက်လက်ကောင်းမွန်ရေးအတွက် အလေးထားဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ ပါတီပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုး ပေါင်းစုံ ပါဝင်သော လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အမေရိကန် ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံလည်း တက်ရောက်သည်။

News

19/01/2018

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long အား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

17/01/2018

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms.

Pages