Law Database | Mail | English Version

၁၃၇၉ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်၊ နှစ်သစ်မင်္ဂလာအခါတော်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း မင်္ဂလာအခမ်းအနားကျင်းပ

    ၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ( C ) ဆောင်ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

    အခမ်းအနားသို့ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်ရှိ သာမဏေကျော်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ-တေဇောဘာသ အမှူးပြုသော သံဃာတော် အရှင်မြတ်တို့ကြွ ရောက်ကြသည်။ ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်ရှိ သာမဏေကျော် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ-တေဇောဘာသထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။

    ထို့နောက်သံဃာတော်အရှင်မြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြသည်။ ယင်းနောက် ဆရာတော် သံဃာတော် အရှင်မြတ်များထံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အမှူးပြုသော ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

    အဆိုပါ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်  ပြည်သူ့ လွှတ်တော်ရုံးမှ ၀န်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်

News

07/12/2017

ဂျပန်နိုင်ငံ Trust Fund for Restoration and Maintenance of the Peace Bell မှ လှူဒါန်းသည့် ကုလသမဂ္ဂငြိမ်းချမ်းရေး ခေါင်းလောင်းပုံစံငယ်တစ်လုံးကို ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်းလှူဒါန်း သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

10/11/2017

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းသည် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mr.

09/11/2017

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် သည် FIC Business & Financial Centers မှ E.

09/11/2017

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် FIC Business & Financial Centers မှ E. Bing Aidoo နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) ၌ လက်ခံတွေ့ဆုံသည်။

Pages